Wednesday, February 21, 2024

ခြောက်လ ပန်း (Six-month flower / Hydrangea) SketchUp V-Ray Proxy Model

Hydrangea (ခြောက်လ ပန်း)
(Total 5 models)

Hydrangea: မြန်မာအခေါ် ခြောက်လ ပန်းလို့လူသိများကြပါတယ်။ ဒီလိုလူသိများရခြင်းက ပန်း တခါပွင့်ရင် ခြောက်လလောက်အထိ မပြတ်ဘဲဆက်တိုက်ပွင့်တတ်လို့ ခေါ်တာလို့သိရပါတယ်။
ဒီပန်းလေးတွေက လှလဲလှသလို စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ မိုးအကုန် ဆောင်းအကူးနဲ့ ဆောင်းတွင်းတွေမှာ ပန်းတွေပိုပွင့်လေ့ရှိတယ်လို့သိရပါတယ်။ စိတ်ဝင်စားစရာကောင်းတာက သူတို့ရဲ့ အရောင် ဖြစ်ပါတယ်။ အရောင်တွေ အနေနဲ့
အဖြူ၊ ပန်းရောင်၊ အနီ၊ အပြာ၊ ခရမ်း၊ မိုးပြာ စသည်ဖြင့် မျိုးစုံအောင် အရောင်တွေ ရှိနေတတ်ပါတယ်။
ဘာလို့ဒီလိုအရောင်တွေကွဲနေရလဲဆိုတော့ စိုက်ထားတဲ့ မြေရဲ့ pH value ပေါ်မူတည်ပြီး အရောင်တွေ
ကွဲသွားတာဖြစ်ပါတယ်တဲ့။ စိုက်ထားတဲ့မြေဟာ pH value အနေနဲ့ 5.5 အောက်မှာ ရှိနေခဲ့ရင် အပြာရောင်ပန်းတွေပွင့်ပြီး၊
5.5 နဲ့ 6.5 ကြားမှာဆိုရင်တော့ ပန်းတွေကို ပန်းရောင်အနေနဲ့တွေ့ရမှာပဲဖြစ်ပါတယ်။ pH value ဟာ 6.5 နဲ့ အထက်ကို
ရောက်သွားပြီဆိုရင်တော့ ပန်းတွေကို ခရမ်းရောင်အနေနဲ့ တွေ့ရမှာပဲဖြစ်ပါတယ်။
(လိုချင်တဲ့ color ဖြစ်အောင် ဖန်တီးယူလို့ရတယ်လို့လဲ သိရပါတယ်။)
ဒါပေမယ့် အဖြူရောင်ရှိတဲ့ ခြောက်လ ပန်းမျိုးကိုစိုက်မယ်ဆိုရင်တော့ Soil pH value ပေါ်လိုက်ပြီး
အရောင်ပြောင်းမှာမဟုတ်ဘဲ အဖြူရောင်တမျိုးတည်းကိုသာ တွေ့ရမှာဖြစ်ပါတယ်။
ပန်းအိုးနဲ့စိုက်လို့လဲရသလို မြေပေါ်ချ စိုက်လို့လဲရပါတယ်။
အိမ်မှာကော ဒီပန်းလေးတွေ စိုက်ထားသေးလား?


SketchUp(V-Ray) ကိုအသုံးပြုပြီး Photorealistic render လုပ်ချင်သူတွေအတွက်

High Quality proxy model တွေ SketchUp4U မှာရှိပါတယ်။



Proxy Models by SketchUp4U²⁰²⁴
High Quality Proxy Models for High Quality Rendering.
(Total 344 Trees & Plants + 10 Vehicles, 21.2.2024)
Check the link below to become a SketchUp4U member.
Membership Form Link
SketchUp4U Proxy Model Preview

Hydrangea_Plant_Set_01_01_Pink

Hydrangea_Plant_Set_01_02_Blue

Hydrangea_Plant_Set_01_03_White

Hydrangea_Plant_Set_01_04_Light_Green

Hydrangea_Plant_Set_01_05_Pink

Download Here (TeraBox)
Password: www.skp4you.site

TeraBox မှ Download ဆွဲနည်းအား ဒီနေရာမှာ ကြည့်ပေးပါ။

How to use the proxy

0 comments:

Post a Comment